ကချင်ပြည်နယ် တနိုင်းမြို့အဝင် ကောင်ရာဂိတ်တွင် ကားဝင်ဂိတ်ကြေးများကို အကြမ်းဖက်စစ်တပ်က ကျပ် ၅၀၀၀၀ မှ ကျပ် ၁၅ သိန်းအထိ မတရား အဆမတန် ကောက်ခံနေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
အိမ်စီးကား အသေးမှ စ၍ ဂိတ်ကြေးကောက်ခံနေပြီး အိမ်စီးကား အသေး တစ်စီး လျှင် ကျပ် ၅ သောင်းမှ ကျပ် ၁ သိန်းအထိ၊ ၆ ဘီးကားတစ်စီးလျှင် ကျပ် ၅ သိန်း၊ ၁၂ ဘီးကားများကိုမူ တစ်စီးလျှင် ကျပ် ၁၀ သိန်းမှ ၁၅ သိန်းအထိ ကောက်ခံနေကြောင်း အဆိုပါ ဂိတ်ကို ဖြတ်သန်းသွားလာနေရသူများက ပြော ကြားသည်။
“ဂိတ်ကြေးက အလွန်များလွန်းလို့ ပြောတဲ့အခါ လျှာမရှည်နဲ့ နင်တို့ကားမှာ ဘာတွေ ပါတယ် ဘာညာ ပြောပါတယ်။ ကုန်ပဲပါတာ မယုံရင် ရှာကြည့်ပါ ပြောတော့ ရှာကြည့်တယ်။ စားသောက်ကုန်ပစ္စည်းပဲ တွေ့တာကို ၇ သိန်းပေး၊ မပေးရင် ငါတို့ ကောင်ရာဂိတ်က ဖြတ်ခွင့်မပေးဘူးလို့ စစ်သားတွေက ပြောပါ တယ်” ဟု ကုန်ကား မောင်းနှင်သူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာန သို့ပြောကြားသည်။
ထို့ပြင် တနိုင်းမြို့အဝင် ဂိတ်စောင့် အကြမ်းဖက်စစ်သားများက ကားများကို ရှာသည့်အခါတွင်လည်း ကုန်ပစ္စည်းများကို တက်နင်း၍ ရှာဖွေ၍ ကုန်ပစ္စည်း များ အကုန်ပျက်စီးကုန်ကြောင်း၊ ကားသမားများအနေနှင့် ကုန်ပစ္စည်းပျက်စီး သည့်အခါတွင် ကုန်ပိုင်ရှင်ကို ပြန်လည် ပေးလျှော်ရကြောင်း ကားသမားများ ထံမှ သိရှိရသည်။
တနိုင်းမြို့အဝင် ကောင်ရာဂိတ်တွင် ယခင်က ယခုကဲ့သို့ ဂိတ်ကြေး အဆမတန် ကောက်ခံခြင်းမရှိခဲ့ကြောင်း၊ လတ်တလော အသစ်ပြောင်းလာသည့် အကြမ်း ဖက် စစ်တပ်မှ စစ်ဗိုလ်က ဂိတ်ကြေးကို အဆမတန်ကောက်ခံနေ ခြင်းဖြစ် ကြောင်း၊ ကောင်ရာဂိတ်မှလွဲ၍ ကျန် ဂိတ်များမှာ ကျပ် ၅ ထောင်မှ အများဆုံး ကျပ် ၁၀၀၀၀ ခန့်သာ ကောက်ခံကြောင်း ကုန်ကားမောင်းနှင်သူများက ရန်ကုန် ခေတ် သစ်သတင်းဌာနသို့ပြောကြားသည်။