စစ်ကိုင်းတိုင်း၊ ကလေးမြို မြောက်ပိုင်းနှင့် တောင်ပိုင်းရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်ရာ နေအိမ် ၁ လုံး ပျက်စီးခဲ့ ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို ပြောဆိုသည်။ ဇူလိုင် ၁၉ ရက်နေ့ ညပိုင်းတွင် အကြမ်းဖက် စစ်တပ်၏ အမြောက်တပ်က လက်နက်ကြီးဖြင့် ၃ ကြိမ်ပစ်ခတ်ခဲ့ရာ မြောက်ပိုင်းကျေးရွာရှိ ပြည်သူပိုင် နေအိမ် ၁ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
ထိုပြင် ယနေ့ ဇူလိုင် ၂၀ ရက်နေ့တွင်လည်း ကလေးတောင်ပိုင်းကို လက်နက်ကြီးများဖြင့် အကြမ်းဖက် စစ်တပ်က ဆက်လက် ပစ်ခတ်နေပြီး ဆည်းမြောင်းရုံးအနီးတွင်လည်း အကြမ်းဖက်စစ်ကောင်စီဝင်များ အင်အား အများအပြားနှင့် တပ်စွဲထားကြောင်း ဒေသပြည်သူများက ပြောကြားသည်။ “ခုတောင်ပိုင်းကို ၃ လုံးရှိပြီ။ ဆည်မြောင်းရုံးနားမှာလည်း ခွေးအင်အားများတယ်။ စောင့်နေတာ။ သံချပ်ကာ ကားတွေရောလို ပြောတယ်။ တောင်ပိုင်း ဝင်ချင်နေတာလား မသိသေးဘူး။ မြောက်ပိုင်းက တိုက်ပွဲမှ မရှိတာ တမင်ထုတာ။ လူတော့ ဘာမှ မဖြစ်ဘူး” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို ပြောကြားသည်။