ကရင်ပြည်နယ်၊ ကော့ကရိတ်မြိုရှိ ခလရ ၉၇ အပါအဝင် စစ်တပ် တပ်စွဲထားသော နေရာများကို တစ်ပြိုင်တည်း တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံးခဲ့ ကြောင်း ကျားဖြူစစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၆ နာရီမှ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ထိ ကော့ကရိတ်မြိုရှိ ဆေးရုံကင်း၊ ခလရ ၉၇၊ ချက်ပွိင့် အဖွဲစုံ ရဲကင်း တိုကို တော်လှန်ရေး တပ်ဖွဲများက တစ်ပြိုင်တည် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၆ ဦးသေဆုံးကာ ၆ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
” ကော့ကရိတ် စိန်ပန်း တိုက်ပွဲက နံနက် ၆ နာရီကနေ ၃ နာရီ ၃၀ မိနစ် ထိ ဖြစ်ပွားခဲ့တယ်။ အကြမ်းဖက် စစ်တပ်ရဲ့ ဆေးရုံကင်း၊ ခလရ ၉၇၊ ချက်ပွိင့် အဖွဲစုံ ရဲကင်း ကို တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့တယ် စစ်ခွေး ၆ ကောင်သေပြီး ၆ ကောင် ဒဏ်ရာရတယ်။ မြိုတစ်ဝက်ထိ စီးနင်နိုင်ခဲ့တယ်။ စနိုက်ပါ သင်တန်းဆင်းတွေ အခြေခံ စစ်သင်တန်း ဆင်းတွေကို စမ်းတိုက်တာပဲ ရှိသေးတယ်။ အလင်းမဝင်ရင် အခေါင်းကြိုဝယ်ထားဖို မှာချင်ပါတယ်” ဟု ကျားဖြူစစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။