စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ယာတော်ရွာကို အကြမ်းဖက် စစ်တပ်က ပစ်ခတ် စီးနင်းပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူ များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယနေ့ ဇွန်လ ၁၈ ရက်နေ့ နံနက် ၅ နာရီခွဲခန့်တွင် ရေဦးမြို့နယ်၊ ကြာပန်းညိုရွာ မှလာသည့် အကြမ်းဖက် စစ်တပ်၏ အင်အား ၂၀၀ ခန့်ပါ စစ်ကြောင်းသည် ခင်ဦးမြို့နယ်သို့ စစ်ကြောင်းထိုးကာ လက်နက်ကြီး ငယ်များနှင့် ပစ်ခတ်ပြီး ခင်ဦးမြို့နယ်၊ ယာတော်ကျေးရွာသို့ ဝင်ရောက် မီးရှို့ဖျက်ဆီးနေကာ ပြည်သူ အချို့ကို ဓားစာခံအဖြစ် ဖမ်းဆီးထားကြောင်း သိရှိရသည်။
ယင်းအကြမ်းဖက် စစ်တပ်သည် ယာတော်ကျေးရွာအနီးရှိ ကျွန်တော ကြီးကျေး ရွာအတွင်းသို့လည်း လက်နက်ကြီး လက်နက်ငယ်များဖြင့် နံနက် ၇ နာရီ အချိန်တွင် ပစ်ခတ်ဝင်ရောက်နေကြောင်း သိရသည်။
“ဓားစားခံဖမ်းခံရတဲ့ ပြည်သူတွေတော့ရှိတယ်ကြားတယ် အရေအတွက်တော့ အတိအကျမသိရသေးဘူး။ ယာတော်နဲ့ ကျွန်းတောကြီးမှာတော့ ခွေးတွေ ရှိသေးတယ်။ မီးရှို့တာ ယာတော်တော့ ၄ ၊၅လုံးလောက်တော့ပါသွားပြီ ထင် တယ် ခန့်မှန်းခြေ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနသို့ပြောကြားသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ယာတော် ကျေးရွာ အပါအဝင် သရက်ပင်စုရွာ ၊ကားဆိပ်ရွာ ၊မကျီးအုပ်ရွာ ၊မြင်းဒေါင်းရွာ၊ကျွန်း တော ကြီးရွာ ၊ဥယျဥ်ရွာနှင့် မြင်းကျရွာ စသည့် ကျေးရွာ ၈ ရွာမှ ဒေသခံပြည်သူ ၄၀၀၀ ကျော်သည် ဘေးလွတ်ရာသို့ နံနက် မိုးမလင်းခင် အချိန်ကတည်းက ထွက်ပြေးတိမ်းရှောင်နေရကြကြောင်း ဒေသပြည်သူ များထံမှ သိရှိရသည်။