ဂျပန်နိုင်ငံ တိုကျိုမြို့ မြန်မာသံရုံးရှေ့တွင် ပြည်ပရောက် မြန်မာများ စုပေါင်း၍ စစ်အာဏာရှင်ကို ဝင်ငွေခွန်မဆောင်ကြရန် ယနေ့ (အောက်တိုဘာ ၆) ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ဆန္ဒပြမြန်မာများက “Passport သက်တမ်း ခိုးပြီး မတိုးဘူး” ၊ “ရန်/ငါ မပြတ်ရင် အခါခါ အသတ်ခံရမယ်” စသည့် စာသားများကို ကိုင်ဆောင်၍ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရန်နှင့် စစ်ကောင်စီကို ဝင်ငွေခွန်မဆောင်ရန် လှုံ့ဆော်ဆန္ဒပြခဲ့ကြသည်။