စစ်ကောင်စီတပ်က ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦး ဟာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ ထံ လက်နက်ခဲယမ်းတွေက လာရောက်ပူးပေါင်းခဲ့တယ်လို့ KNU ဗဟိုကထုတ်ပြန်ပါတယ်။
မော့ကနင် အခြေစိုက် စကခ(၁၉) လက်အောက်ခံ ခလရ(၁၀၆) က အသက် (၃၅) နှစ်အရွယ်ရှိ တပ်ထောက်ဗိုလ်ကြီး ကျော်မြင့်လွင်ဟာ ဇွန်လ (၇) ရက်နေ့ မှာ KNU တပ်မဟာ (၆)ထံ လက်နက်နဲ့တကွလာရောက်ပူးပေါင်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဗိုလ်ကြီး ကျော်မြင့်လွင်ဟာ MA-3 သေနတ်တစ်လက် ကျည်ဘောက် သုံး ဘောက် ကျည် (၁၃၀)တောင့်၊ MA-5 သေနတ် လက် ကျည်ဘောက် တစ်ဘောက် ကျည် (၁၁) တောင့် နဲ့ အီနာဂါ ဗုံးသီး (၄) လုံး တို့ယူဆောင်လာပြီးလာရောက်ပူးပေါင်းခဲ့တာဖြစ်တယ်လို့ KNU ကဆိုပါတယ်။
တပ်ထောက်ဗိုလ်ကြီး ကျော်မြင့်လွင် ကို K.N.L.A – တပ်မဟာ (၆) မှ ထောက်ပံ့ငွေအနဲ့ မြန်မာငွေ (၇,၀၀၀,၀၀၀) သိန်းခုနှစ်ဆယ် ကျပ် တိတိ ကူညီ ထောက်ပံ့ပေးခဲ့တယ်လို့လည်း KNU ကဆိုပါတယ်။
KNU တပ်မဟာ (၆) ထိန်းချုပ်နယ်မြေအတွင်းမှာ နေရာအနံ့တိုက်ပွဲတွေ နေ့စဥ်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်စခန်းတွေကိုလည်း တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့တွေတိုက်ခိုက်သိမ်းပိုက်နေတာကြောင့် စစ်ကောင်စီတပ်တွေဟာ တပ်မ အလိုက် ဖွဲ့စည်းပုံအရ ပျက်ပြားသွားခဲ့ပြီး လူအင်အား လက်နက်အင်အား လျှော့နည်းလာကာ အပြင် စိတ်ဓာတ်ရေးရာအရ ကျဆင်းလာတဲ့ အတွက် KNU ထံပူးပေါင်းသူများလာတယ်လို့ ဆိုပါတယ်။