ထိုင်း NGOs သတင်းတွေမှာ ပေါက်ကြားထွက်ပေါ်လာတဲ့သတင်းအရ လက်ရှိ ထိုင်းယာယီနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမတ်ဝီနိုင်းဟာ မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ၀ဏ္ဏမောင်လွင်ကို ဇွန် ၁၉ ရက်နေ့မှာ ဘန်ကောက်ကို ဖိတ်ခေါ်ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့တွေ့ဆုံဖို့ ဖိတ်ကြားထားတဲ့ကိစ္စကို ဖွေထိုင်းပါတီရဲ့ ရွေးကောက်ပွဲအနိုင်ရ အမတ်လောင်း ချက်တူရွန်ချိုင်ဆန်းက ဝေဖန်ပါတယ်။
ဖွေထိုင်းရဲ့ စီနီယာပါတီခေါင်းဆောင် ချက်တူရွန်ချိုင်ဆန်းက “ဒီလိုအရေးကြီးတဲ့ ကိစ္စ ရပ်မျိုးဆွေးနွေးဖို့ သူတို့ဟာ ဘာကြောင့် နောက်အစိုးရလက်ထက်အထိ မစောင့်ရတာလဲ။ မြန်မာနဲ့ဆက်ဆံရေး ကိုင်တွယ်ပုံကို နောက်အစိုးရက ဆုံးဖြတ်သင့်တာလေ” လို့ ဝေဖန်သွားခဲ့ပါတယ်။
ဒီဖိတ်ခေါ်တွေ့ဆုံမှုဟာ အာဆီယံနဲ့တရားဝင်ပတ်သက်ခြင်းမရှိတာကြောင့် လက်ရှိအာဆီယံအလှည့်ကျ ဥက္ကဌ နိုင်ငံ အင်ဒိုနီးရှားဘက်က တက်ရောက်ဖို့ ငြင်းဆန်ခဲ့ပြီး အင်ဒိုနိုင်ငံခြားရေးဝန်ကြီး ပရာဗစ်ရိုဂျနာဖာရွတ်က ကျင်းပဖို့ ၂ ရက်အလိုမှ အကြောင်းကြားလာလို့ လက်မခံတာလို့ အကြောင်းပြခဲ့ကြောင်း သံတမန်သတင်းရပ်ကွက်က ဆိုပါတယ်။