စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ မြို့မရဲစခန်းမှ ရဲတပ်သား ၁ ဦးသည် သေနတ် ၂ လက် ၊ ခဲယမ်းအများအပြားဖြင့် အလင်းဝင်လာကြောင်း ဒေသကာကွယ်ရေးတပ်များထံမှ သိရှိရသည်။
ဒီဇင်ဘာ ၆ ရက်နေ့ ည ၈ နာရီ ၃၅ မိနစ်အချိန် စစ်ကိုင်းတိုင်း ၊ဆာလင်းကြီးမြို့ မြို့မ ရဲစခန်းမှ ရဲတပ်သားတစ်ဦးသည် ပြည်သူကာကွယ်ရေးတပ်ထံလက်နက်အပြည့်အစုံဖြင့် အလင်းဝင်ရာက်လာကြောင်း၊ အဆိုပါ ရဲတပ်သား အလင်းဝင်ရောက်ခဲ့သည့် ပြည်သူကာကွယ်ရေးတပ်မှာ ဆားလင်းကြီးမြို့နယ် သမန်းကျားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖြစ်ပြီး သေနတ် ၂ လက်၊ လက်နက်ခဲယမ်း အများအပြား ပါရှိကြောင်း သိရှိရသည်။
“သူနဲ့အတူပါလာတာက G3 ၁လက်၊ကျည်ဘောက် ၃ ဘောက်၊ MA 4 ၁ လက်၊ နောက်ထပ် ကျည်ဘောက် ၃ ဘောက်၊ G3ကျည် ၁၈၁ တောင့် MA 4 ကျည် ၅၃၆ တောင့် ၊ အီနာဂါ ၆ လုံး ၊ ဗို့ကျည် ၉ တော့ ၊ ၄၀ မမ ၂ လုံး၊ လက်ပစ်ဗုံး ၁ လုံး၊ Icon ၁ လုံး၊ ဓား ၁ လက် ၊ ကျည်ကာ ၁ထည် ပါတယ်။အလင်းဝင်လာတဲ့ရဲဘော်ကို ထိုက်ထိုက်တန်တန် လည်း ဂုဏ်ပြုပေးသွားမယ်” ဟု ဒေသကာ ကွယ်ရေး တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
အလင်းဝင်လာသူ ရဲတပ်သားသည် ဝေလျှံကျော်ဖြစ်ပြီး အသက်ငယ်ရွယ်သော လူငယ်တစ်ဦးဖြစ်ကြောင်း သိရှိရသည်။