မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကျတိုးရဲစခန်းမှ ဈေးဝယ်ထွက်လာသော ရဲတပ်သား ၁ ဦးကို လက်နက် ခဲ ယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ထံမှ သိရသည်။
စက်တင်ဘာလ ၂၆ ရက် မွန်းလွဲ ၁ နာရီခန့်က ပခုက္ကူမြို့နယ်၊ ကျထိုးရဲစခန်းမှ ကမ္မမြို့ကို စျေးဝယ် လာသော ရဲတပ်သား တစ်ဦးကို လမ်းပိုင်း တစ်နေရာ၌ တော်လှန်ရေး တပ်ဖွဲ့များက G3 ၁ လက်၊ ကျည်ဘောက် ၂ ခု G3 ကျည် အတောင့် ၇၀ ခန့်နှင့် အတူ အရှင်ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီး ရရှိသော ရဲတပ်သားကို စစ်စည်းကမ်းများနှင့် အညီထားရှိပြီး လိုအပ်သည့်အရေးယူ ဆောင်ရွက်မှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ စစ်သားများ၊ ရဲများ အနေဖြင့် နီးစပ်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ တဆင့် ပြည်သူ့ရင်ခွင်သို့ အ မြန်ဆုံး ခိုလှုံ အလင်းဝင်ရောက်ကြရန်ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖက သတိပေး ထုတ် ပြန် ထားသည်။