မကွေးတိုင်း၊ ပေါက်ဒေသတွင် ပြည်သူ့တော်လှန်ရေး တပ်ဦး PRF နှင့် ဒေသပြည်သူများက ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့၌ အာဇာနည်နေ့ အထိမ်းအမှတ် အဖြစ် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ထို့ပြင် အလေးပြုခြင်း အခမ်းအနား၊ နိုင်ငံရေးဟောပြောပွဲများပါ ပြုလုပ်ခဲ့ပြီး ပြည်သူ့တော်လှန်ရေး တပ်ဦး PRF က လုံခြုံရေး ယူပေးခဲ့ကြောင်း သိရှိရသည်။