မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာနှင့် ခဲမောက်ကျေးရွာကြား ရွာချင်းဆက် လမ်းကို လာရောက် ဖျက် ဆီးနေသော အကြမ်းဖက်စစ်သားများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ မောင်းထုတ်ခဲ့ရကြောင်း တောကျီးကန်းစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးကပြောကြား သည်။
ယမန်နေ့ အောက်တိုဘာလ ၂၀ ရက်နေ့ ည ၇ နာရီခွဲခန့်အချိန် ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာနှင့် ခဲ မောက် ကျေးရွာတို့၏ ရွာချင်းဆက်လမ်းကို လုံခြုံရေး အင်အားများစွာ အသုံးပြု၍ မြေတူးစက် ၂ စီးဖြင့် လာရောက် ဖျက်ဆီးနေသော အကြမ်းဖက်စစ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ မောင်းထုတ်ခဲ့ရကြောင်း၊ အကြမ်း ဖက်စစ်သား ထိခိုက်မှု သိရှိနိုင်ရန်စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
“လမ်းက ၂ နေရာလောက်ကို ဖျက်ဆီးသွားတယ်၊ ပုံထဲကအတိုင်းပဲ ကျင်းတွေ တူးပြီးတော့မှ ဖျက်ဆီး သွားတာ၊ ပြန်ဆုတ်တာကတော့ ည ၈ နာရီခွဲ၊ ည ၉ နာရီလောက်မှာ ပြန်ဆုတ်သွားတာ၊ ည ၉ နာရီခွဲလောက်အထိ ကို စစ်တပ်ကလည်း လက်နက်ကြီးတွေနဲ့ တန်ပြန် တရစပ်ပစ်နေသေးတယ်” ဟု တောကျီးကန်းစစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦး က ပြောကြား သည်။
အဆိုပါတိုက်ခိုက်မှုကို တောကျီးကန်းစစ်ကြောင်း နှင့် KNLA ပူးပေါင်းတပ်များက သွားရောက်တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။