မန္တလေး အိုးဘိုထောင်ဆီ မုံရွာထောင်ကနေ ပြောင်းရွှေ့ခံရတဲ့ နိုင်ငံရေးအကျဉ်းသူ အကျဉ်းသား ၁၀၀ ကျော်ဟာ ထောင်အဝင်မှာတင် ရိုက်နှက်ခံခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ ကိုသိုက်ထွန်းဦးထံကသိရပါတယ်။
သြဂုတ် ၁၅ ရက်နဲ့ ၁၆ ရက်တွေက မုံရွာထောင်ကနေ အိုးဘိုထောင်ဆီ နိုင်ငံရေးအကျဉ်းသား ၉၀ဦးနဲ့ နိုင်ငံရေးအကျဉ်းသူ ၁၁ ဦး စုစုပေါင်း ၁၀၁ ဦး ထောင်ပြောင်းခံရတာပါ။
အိုးဘိုထောင်အရောက်မှာတော့ နိုင်ကျဉ်းတွေ ထောင်ဝမှာတင် ရိုက်နှက်ခံခဲ့ရတယ်ဆိုတဲ့သတင်းကို မျက်မြင်တွေ့ခဲ့ရသူတွေနဲ့ ထောင်တွင်းကပေးပို့တဲ့သတင်းတွေအရ သိရတာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ ကိုသိုက်ထွန်းဦးကဆိုပါတယ်။
” ဝင်လာတာနဲ့ရိုက်နေတာ၊ ထောင်ပြောင်းဆိုရင် ပိုပြီးဦးချိုးတယ် ” လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
ရိုက်နှက်ခံရမှုကြောင့် အချို့မှာ ထောင်ဆေးရုံကို တက်ရောက်ကုသမှုခံယူခဲ့ရတယ်လို့ သိရပါတယ်။