မြဝတီ-ကော့ကရိတ် လမ်းပိုင်းတွင် ကျားဖြူတပ်ခွဲ ၄ မှ ပြည်သူ့ကာကွယ်ရေး ရဲဘော်များက ခရီးသွား ပြည်သူများအတွက် လုံခြုံရေးယူ၍ စစ်ဆေးမှု ပြုလုပ်လျက်ရှိပကြောင်း သိရသည်။
တော်လှန်ရေးတပ်ဖွဲ့များက နယ်မြေလုံခြုံရေးနှင့် ဒေသစိုးမိုးရေးအတွက် စစ်ဆေးမှုများကို ပြည်သူတွေအနေဖြင့် ကြည်ဖြူစွာ အပြည့်အဝ ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း၊ PDF ရဲဘော်များနှင့် ကရင့်တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့ဝင်များက အကြမ်းဖက် စစ်သားများ အရပ်သား ကားများကို အသုံးပြုပြီး သွားလာမှုရှိမရှိနှင့် စစ်ကောင်စီနှင့် ပတ်သက်သည့် လူ၊ ပစ္စည်းများ တင်ဆောင်ခြင်း ရှိမရှိကို အဓိကထား၍ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရရှိရသည်။
မြဝတီ-ကော့ကရိတ်လမ်းပိုင်းကို သွားလာနေသည့် မော်တော်ယာဉ်များအနေဖြင့် PDF တပ်ဖွဲ့ဝင်များ စစ်ဆေးချိန်တွင် ကြည်ဖြူစွာလက်ခံရန်၊ စစ်ကောင်စီနှင့် ပတ်သက်သည့် လူ၊ ပစ္စည်းများ တင်ဆောင်ခြင်း မပြုလုပ်ရန်၊ ပြည်သူများ အနေဖြင့် စစ်ကောင်စီတပ်ပိုင် ယာဉ်များနှင့် လိုက်ပါ စီးနင်းခြင်း မျိုးမပြုလုပ်ရန်နှင့် တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အသုံးပြုသည့်ယာဉ်များအနေဖြင့် လည်း ကြည်ဖြူစွာ အစစ်ဆေးခံကြရန်၊ တော်လှန်ရေးအတွက် တတ်နိုင်သည့်ဘက်မှ ပါဝင်ကူညီပေးသော ပြည်သူများအားလုံးကို အထူးပဲကျေးဇူးတင်ရှိကြောင်း ကျားဖြူတပ်ခွဲ ၄ က ထုတ်ပြန်ထားသည်။