စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ရွှေရေကြည် လူထုသပိတ်စစ်ကြောင်းနှင့်အတူ ကယ်တင်ရှင်မရှာ ဒို့ ကျေးရွာ လူထုသပိတ်စစ်ကြောင်းတို့ ပူးပေါင်း၍ စစ်အာဏာရှင်ကို ဆန္ဒထုတ်ဖော် သပိတ်မှောက်ခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ ဆန္ဒပြပွဲတွင် တော်လှန်ပြည်သူများကအာဏာသိမ်းစစ်တပ်ကို အလိုမရှိကြောင်းနှင့် မတရားစစ်မှုထမ်းဥပဒေ အလိုမရှိကြောင်း ကြွေးကြော် ဆန္ဒပြထုတ်ဖော်ခဲ့ကြကြောင်း သိရှိရသည်။