ရုရှားလက်နက်များ ပြည်ပ တင်ပို့သည့် ရုရှားအစိုးရပိုင် Rosoboronexport ကုမ္ပဏီ အကြီးအကဲ Alexander A. Mikheev မြန်မာနိုင်ငံသို့ လျှို့ဝှက် လာရောက်ပြီး မြန်မာထိပ်ပိုင်းစစ်အရာရှိများနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နေပြည်တော်ထိပ်တန်းစစ်ဘက်သတင်းရင်းမြစ်ထံမှ သိရှိရသည်။
ဇူလိုင်လ ၁၉ ရက်နေ့ညပိုင်းတွင် လေယာဉ်အမှတ် RLA5545 ၊ လေယာဉ်အမျိုးအစား BomBardier Global 5000 (GL5T) ဖြင့် နေပြည်တော်သို့ ရောက်ရှိခဲ့ပြီး မြန်မာစစ်တပ် ထိပ်ပိုင်းအရာရှိများနှင့်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း၊ ယင်းနောက် ဇူလိုင်လ ၂၀ ရက်နေ့ မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွားကြောင်း နေပြည်တော်စရဖ သတင်းရင်းမြစ်က ဆိုသည်။
“လာတာကတော့ လျှို့ဝှက်ပဲလာတာပါ။ ဇူလိုင်လ ၁၉ ရက်နေ့ အဘူဒါဘီကနေ နေပြည်တော်ကို တိုက်ရိုက် ရောက်လာတယ်။ ဒီနေ့ မွန်းလွဲ ၁ နာရီကျော်မှာ ပြန်ထွက်သွားပါတယ်။ လက်နက်ကုမ္ပဏီအကြီးအကဲဆိုတော့ လက်နက်ကိစ္စလို့ ပြောလို့ရပါတယ်” ဟု နေပြည်တော်စရဖ သတင်းရင်းမြစ်က ရှင်းပြသည်