မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကြည်ကန်ကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကား ၃ စီးကို မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၈ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း ရေစကြိုပကဖမှတာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြာားသည်။
ယနေ့ မေလ ၁၇ ရက်နေ့လည် ၁၁ နာရီခန့်က ရေစကြိုမြို့နယ်၊ ဇီးတောပျူရွာမှ အကြမ်းဖက်စစ်သား ၈၀ ခန့်သည် ဆင် ချောင်းကျေးရွာသို့ ကားစီးဖြင့် ထွက်ခွာလာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ပဒေသာ မိုင်း ၁၀ လုံး အသုံးပြု ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီး ၈ ဦး သေဆုံးပြီး ၁၀ ဦးထက်နည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ကျနော်တို့ ယူဆတာတော့ ဆင်ချောင်းက ခွေးတွေနဲ့ ဇီးတောက ခွေးတွေ အပြောင်းအလဲ လုပ်တယ်လို့ ယူဆတာပေါ့၊ အဲဒီစစ်ကြောင်းက ရေစကြိုမြို့နယ်ထဲမှာ လှည့် ပတ်စစ်ကြောင်းထိုးနေတာတော့ ကြာပြီ၊ အခွင့်မသာသေးလို့သာ စောင့်နေတာ၊ ဒီနေ့နေ့လည်မှာ မိတာ ဗျ၊ စုံစမ်းကြည့်ရသလောက်တော့ ရဲခွေး၊ ပျူခွေးတွေ သေတာများတယ်လို့ သိရတယ်၊ သတင်းကို ဖုံးထား လို့သာ၊ ဒဏ်ရာရသေဆုံးတာက ထုတ် ပြန်ထားတာထက်များနိုင်တယ်၊ ဖောကား ၃ စီးနဲ့ အတွဲလိုက်မိုင်းတာ၊” ဟု ရေစကြိုပကဖမှတာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီးများမှ လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ဆက်တိုက်ပစ်ခတ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။