စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တည်သီးတောရွာရှိ ပျူစောထီး ကင်းပုန်းများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ် – Wild Tiger LPDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
သြဂုတ်လ ၁၉ ရက်နေ့ ည ၁၀ နာရီ ၇ မိနစ်ခန့်တွင် ရွှေဘိုမြို့နယ်၊ တည်သီးတောကျေးရွာရှိ ပျူစောထီး ကင်းပုန်းများကို Drone ဖြင့် ၆၀ မမ ဗုံးသီး ၄ လုံးတို့ ကျဲချ တိုက်ခို က်ခဲ့ကြောင်း၊ တိုက်ခိုက်မှုသည် ညအချိန်ဖြစ်သောကြောင့် အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ် – Wild Tiger LPDF ၊ မိတ္ထီလာပြည်သူ့ကာကွယ်ရေး ဒရုန်းတပ်ဖွဲ့ Lightning Done Force ( We are Everywhere) ၊ ကျောက်ဆည် နဂါးနီ တပ်ရင်း (၁) ၊ ရွှေဘိုခရိုင်း တပ်ရင်း (၁၅) ၊ GOLDEN EAGLE-ZBG LPDF၊ Eagle Brothers Knight Force အရာတော် အဖွဲ့ ၊ ဗိုလ်ဂျပန်ကြီး – ရွှေဘို LPDF ၊ ဇေယျာသွေး ရွှေဘို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ဗိုလ်တစ်ထောင် Group ဒီပဲယင်း၊ တောင်သူကြီးများအဖွဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ သပြေညို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ၊ Bo Ba Taw – SHWEBO LPDF အဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
ရွှေဘိုမြို့နယ်အတွင်းရှိ ပြည်သူများကို ဒုက္ခ အမျိုးမျိုးပေးနေသော စစ်သား၊ ရဲ၊ ပျူစောထီးနှင့် စစ်တပ် ထောက်တိုင်များကို တိုက်ခိုက် ချေမှုန်းသွားမည်ဖြစ်ကြောင်း ဗိုလ်ကျားရိုင်း – ရွှေဘို (LPDF) မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။