လက်ပံတောင်းတောင်ဒေသ ပြည်သူများ ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၇ ရက်နေ့တွင် ဝမ်ပေါင်-ယန်စီကုမ္ပဏီ အလိုမရှိကြောင်း ချီတက် ဆန္ဒပြခဲ့ဟု သိရသည်။
ချီတက် ဆန္ဒပြပွဲတွင် “ဝမ်ပေါင်-ယန်စီ ကုမ္ပဏီ ဖက်ဆစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်နေတာ ချက်ချင်းရပ်” စာတန်း ကိုင်ဆောင်ကာ “စစ်တပ်နဲ့ ပူးပေါင်း ဆောင်ရွက်နေသော ဝမ်ပေါင်-ယန်စီ ကုမ္ပဏီ အလိုမရှိ” ကြွေးကြော်သံများဖြင့် ချီတက်ခဲ့ကြောင်း သိရှိရသည်။