စစ်ကိုင်းတိုင်း ၊ ရေဦးမြို့ နယ် အနောက်တောင်ဘက်အထွက်က အကြမ်းဖက် စစ်တပ်ရဲ့ ရွှေကျီးမင်း စစ်ဆေးရေးဂိတ်မှာ သွေးတိုးရောဂါနဲ့ သေဆုံးသွားတဲ့ တပ်ကြပ်ကြီး ရဲ့ နာရေး ရက်လည် ပြုလုပ်နေစဥ် ရွှေဘိုင်ခရိုင်အမှတ် (၁၄) တပ်ရင်းက ဒရုန်း၊ ရော့ကတ်များနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင် အမှတ်(၁၄)တပ်ရင်း(YEU People’s Defence Force)မှ ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
ရွှေကျီးမင်းစစ်ဆေးရေးဂိတ်မှာ အောက်တိုဘာ ၂၁ ရက် မနက် ၈ နာရီ ၄၁ မိနစ်မှာ သွေးတိုးရောဂါနဲ့ သေဆုံးသွားတဲ့ တပ်ကြပ်ကြီးရက်လည် ပြုလုပ်နေစဥ် ရွှေဘိုခရိုင်အမှတ် (၁၄) တပ်ရင်းမှ Fixed Wings Drone(မောင်းသူမဲ့လေယာဥ်ငယ်)နဲ့ ဗုံးသီး ၄ လုံးကြဲချ တိုက်ခိုက်ခဲ့ပြီး ၊မြေပြင်မှ SBB 14B Rocket ၂ လုံးနဲ့ တိုက်ခိုက်ခဲ့တယ် လို့ဆိုပါတယ်။
ဒီတိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုကို သိရှိနိုင်ရန် ဆက်လက်စုံစမ်းဆဲဖြစ်ပြီး၊ ရန်သူစစ်တပ်ဘက်ကလည်း လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ရွှေဘိုခရိုင်တပ်ရင်းအမှတ်(၁၄)မှ ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဖော်ပြ ထားပါတယ်။