ဇူလိုင် ၇ ရက် ဒီနေ့မှာကျရောက်တဲ့ ၆၁ နှစ်ပြည့် ကျောင်းသားအရေးတော်ပုံနေ့ အခမ်းအနားတခုကို ABSDF Column တပ်ဖွဲ့က စစ်ကိုင်းတိုင်းအတွင်းရှိ ချင်းတွင်းဒေသတပ်ရင်းမှာ ပြုလုပ်ခဲ့ပါတယ်။
အဲ့ဒီအခမ်းအနားမှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အဦကို စစ်တပ်က ဗုံးခွဲဖျက်ဆီးခဲ့ပုံအကြောင်း သမိုင်းနောက်ခံနဲ့ပတ်သက်ပြီး လူငယ်ရဲဘော်တွေကို ပြောပြခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၇ ရက်မှာ ကျဆုံးခဲ့တဲ့ ကျောင်းသားရဲဘော်တွေနဲ့ ခေတ်အဆက်ဆက်က အာဏာရှင်ဆန်ကျင်ရေးမှာ ကျဆုံးခဲ့တဲ့ ရဟန်း၊ ကျောင်းသားပြည်သူတွေကို ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေနဲ့ ABSDF တပ်ဖွဲ့က ချင်းတွင်းဒေသတပ်ရင်းမှာ အလံတဝက် လွှင့်ထူခဲ့ကြပါသေးတယ်။