စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းတစ်ဦး လူနာတင်ယာဥ်တစ်စီးနှင့် ရဲဒုတပ်ကြပ်တစ်ဦး ကျည်များယူဆောင်ပြီး အလင်းဝင်ရောက်လာကြောင်းအာဏာရှင် တော်လှန်ရေးပြည်သူ့တပ်မတော် ADPRA၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ဒီဇင်ဘာ၂ရက်က ကနီမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတပ်ကြပ်စိုးထက်အောင်သည် ၇.၆၂ကျည် အမျိုးအစားအတောင့် ၄၀၊ ၅.၅၆ ကျည်အမျိုးစား အတောင့် ၂၀၊လက်ထိပ်တစ်ခု၊ဆိုင်ကယ်တစ်စီးဖြင့် အလင်းဝင်ရောက်လာကြောင်း ADPRA၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ထို့အတူ ဒီဇင်ဘာ ၅ရက်ကလည်း ကနီပြည်သူ့ဆေးရုံငှက်ဖျားဌာနမှ PS ရာထူးအဆင့်ရှိသူ ဦးနေဇာအောင်သည် AMBULANCE လူနာတင်ယာဉ်တစ်စီးဖြင့် ထပ်မံအလင်းဝင်ရောက်လာခဲ့ကြောင်း ADRPA က အသိပေးသည်။
အလင်းဝင်ရောက်လာသူများကို ကောင်းမွန်စွာကြိုဆိုခဲ့ပြီး ထိုက်သင့်သည့် ဆုငွေများပေးအပ်ကာ ၎င်းတို့ဆန္ဒများအတိုင်း စီစဥ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
“အလင်းဝင်ရောက်လာသူတွေ လက်နက်ပါပါမပါ လူသားဂုဏ်သိက္ခာနှင့်အနီ စောင့်ရှောက်ထားပြီး သူတို့အလိုရှိရာအတိုင်း စီစဥ်ပေးနေပါတယ်။”ဟု ADPRA၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
လူနာတင်ယာဥ်အား ကနီမြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဖွင့်လှစ်ထားသည့် ပြည်သူ့အခြေပြုဆေးရုံသို့ လှူဒါန်းလိုက်ကြောင်း သိရသည်။
ထပ်မံအလင်းဝင်ရောက်လာမည့်သူများကိုလည်း ကြိုဆိုမည်ပြီး ထိုက်သင့်သည့် ဆုငွေများကို ပေးအပ်သွားမည်ဖြစ်ကြောင်း၊တိုက်ပွဲအတွင်းမှ လက်နက်ချပါက စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးအရေးယူမည်ဟု အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် ADPRAက ထုတ်ပြန်ထားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၌ 1027 စစ်ဆင်ရေးစတင်ပြီးနောက်ပိုင်း အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် ADPRAသို့ အလင်းဝင်လာသူ စစ်အုပ်စုဝင် ငါးဦးရှိဖြစ်ပြီး လက်နက်ခဲယမ်းများပါ သယ်ဆောင်လာခဲ့ကြောင်း သတင်းရရှိသည်။