ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၊ ယင်းမာပင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ကနီမြို့နယ်အတွင်းရှိ ရွာ ၅ ရွာမှ သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းများ အုပ်ချုပ်ရေး အဖွဲ့အစည်းများပူးပေါင်းကာ တော်လှန်ရေးသုံးနှစ်ပြည့် ” စစ်သုံးစစ်ကိုတိုက်ဖျက်ဖို့ တပ်ပေါင်းစုကိုတည်ဆောက်စို့ ” ခေါင်းစဉ်ဖြင့် လူထုဟောပြောပွဲအခမ်းအနားကို ပြုလုပ်ခဲ့ကြသည်။
ဟောပြောပွဲတွင် သက်ဆိုင်ရာ ဒေသခံ အုပ်ချုပ်ရေးအဖွဲ့များက လူထုကို မကြောက်တရားများဟောပြောခဲ့ပြီး ဗကသများအဖွဲ့ချုပ်မှ လက်ရှိနိုင်ငံရေးအခြေအနေများ၊ တော်လှန်ရေးအခြေအနေများ ကိုလူထုအားရှင်းလင်းတင်ပြခဲ့ပြီး လူထုညီညွတ်ရေးနှင့် တပ်ပေါင်းစု အားဖြင့်စစ်သုံးစစ်ကို အမြစ်ပြတ်တိုက်ဖျက်ကြရန် ဟောပြောခဲ့ကြသည်။