စစ်ကိုင်းတိုင်းကနီမြို့တွင် ယနေ့(မတ် ၂ရက်) နံနက်အစောပိုင်းမှစ၍ ညနေ ၄ နာရီအထိ တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံအချို့ကပြောသည်။
“မြို့ထဲက စစ်ကောင်စီစခန်းတွေကို ဝင်တိုက်တာ။ ကိုယ့်ဘက်ကရဲဘော်တချို့ ထိတာရှိသလို မြေပြင်တိုက်ပွဲမှာ အသာစီးရထားပါတယ်။ စစ်တပ်ကတော့ လေကြောင်းကနေ အကြိမ် ၂၀ ကျော်လာပစ်တယ်” ဟုဒေသခံတစ်ဦးကပြောသည်။
ကနီမြို့မှ စစ်ကောင်စီစခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်မည်ဟု ပြီးခဲ့သည့်ရက်အနည်းငယ်ကတည်းက သတင်းများထွက်ပေါ်နေခဲ့ပြီး ယနေ့ (မတ်လ ၂ရက်)နံနက်တွင် တိုက်ပွဲစတင်ခြင်းပွားခြင်းဖြစ်ကြောင်းဒေသခံအချို့ကပြောသည်။
တိုက်ပွဲကြောင့် မြို့ခံများထွက်ပြေးတိမ်းရှောင်နေကြပြီး ပိတ်မိနေသူအချို့ရှိကြောင်း သတင်းဒေသခံအချို့ကသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်၌ အထိအခိုက်များပြားသလိုစစ်ကောင်စီဝန်ထမ်း( Non CDM ဝန်ထမ်း)အချို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ခေါ်ထုတ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။ အသေးစိတ်အတည်မပြုနိုင်သေးပေ။။
ကနီမြို့သည် မြို့ပေါ်ရပ်ကွက်သုံးခုရှိပြီး စစ်ကောင်စီတပ်က ထွေအုပ်ရုံး၊ ရဲစခန်း၊ ဆေးရုံ နှင့် တောင်ပေါ်စခန်း၌၌ အဓိကတပ်စွဲထားကြောင်းသိရသည်။