ကနီမြို့နယ်တွင် အရာတော်မြို့နယ် လူထူသပိတ်ဦးဆောင်မတီ နှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) တို့ပူးပေါင်း၍ ကနီမြို့နယ်အတွင်းရှိ ကျေးရွာသုံးရွာတွင် ပြည်သူလူထု သပိတ်စစ်ကြောင်းဖြင့် ပူးပေါင်းကာ ” နှစ်သစ်ကိုလည်းကြို ဖက်စစ်ကိုလည်းဖြို ” ပါဘန်နာစာသားကို ကိုင်ဆောင်ကာ ဇန်နဝါရီလ ၁၂၊ ၁၃ ၊ ၁၄ ရက်နေ့များတွင် သုံးရက်ဆက် သပိတ်မှောက် ဆန္ဒပြခဲ့ကြသည်။