ကနီမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစုနှင့် ပြည်သူများဦးဆောင်၍ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အကြို ပန်းသပိတ်ကို ကျင်းပပြုလုပ်ခဲ့ကြသည်။
ပန်းသပိတ်တွင် မွေးနေ့ရှင် ဘေးကင်းကျန်းမာစေရန် ဆုတောင်းရင်း ‘ငါတို့သည် ဒေါ်အောင်ဆန်းစုကြည်များ’ ဘန်နာစာတမ်း ကိုင်ဆောင်၍ စစ်အာဏာရှင်စနစ်ကျရှုံးရေးကြွေးကြော်ကာ ဆန္ဒပြလှုပ်ရှားမှု ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။