စစ်ကိုင်းတိုင်း၊ကနီမြို့နယ်၊ ကြားကာလပညာရေး ကျောင်းတစ်ကျောင်းမှာ မြို့နယ်သပိတ်ဦးဆောင် ကော်မတီနဲ့ အမျိုးသမီး မဟာမိတ်အင်အားစုတို့ ပူးပေါင်းကာ ၁၆ ရက်တာလှုပ်ရှားမှု အဖြစ် ဖဲကြိုးဖြူများ ဝတ်ဆင်ကာ အမျိုးသမီးများအပေါ် အကြမ်းမဖက် ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ အမျိုးသမီးမဟာမိတ်အင်အားစုမှ ဒီနေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။
၁၆ ရက်တာ လှုပ်ရှားမှုဖြစ် ဒီဇင်ဘာ ၄ ရက်နေ့မှာ ကနီမြို့နယ် (ပအဖ) အဖွဲ့များ၊ ပညာရေး ဆရာ၊ဆရာမများရဲ့ ပူးပေါင်းမှုဖြင့် ၁၆ ရက်တာ လှုပ်ရှားမှုအကြောင်း၊ အမျိုးသမီးနဲ့ ဥပဒေအကြောင်း၊ အိမ်တွင်းအကြမ်းဖက်မှုအကြောင်းများ အသိပညာပေး မျှဝေခဲ့တယ်လို့ မှတ်တမ်းနဲ့တကွ ဖော်ပြထား ပါတယ်။