ကနီမြို့နယ်တွင် ဒေသခံများနှင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကက သွေးစွန်းသင်္ကြန် (၃)နှစ်ပြည့် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ယနေ့ပြုလုပ်ခဲ့ကြသည်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် သင်္ကြန်အကြတ်နေ့က ကနီမြို့နယ် လှည်းဘီးတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးရဲဘော်ခုနစ်ဦး၊ နှစ်ဆန်း ၁ ရက်နေ့က ဆယ်ရွာချောင်တိုက်ပွဲတွက်ပြည်သူ့ကာကွယ်ရေးရဲဘော် သုံး ဦးကျဆုံးခဲ့ရပြီး အဆိုပါရဲဘော်များအား အောက်မေ့ဖွယ်အခမ်းအနားနှင့်အတူ သွေးစွန်းသင်္ကြန် (၃)နှစ်ပြည့် စစ်အာဏာရှငိဆန့်ကျင်ရေး အခမ်းအနားကို ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။