အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူတွေနဲ့ ၂၆ ဆက်မြောက် ကနေဒါ ဘုရင်ခံချုပ် Right Honourable Adrienne Clarkson နဲ့ PEN International အဖွဲ့ရဲ့ ဥက္ကဋ္ဌ၊ ကနေဒါနိုင်ငံသားဆိုင်ရာ အင်စတီကျူ (Institute for Canadian Citizenship) ပူးတွဲတည်ထောင်သူနဲ့ ပူးတွဲဥက္ကဋ္ဌဖြစ်သူ John Ralston Saul တို့တွေ့ဆုံခဲ့ကြတယ်လို့ NUG က သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂ ရက်နေ့က တွေ့ဆုံခဲ့ကြတာဖြစ်ပြီး အဲဒီတွေ့ဆုံပွဲမှာ NUG လူ့အခွင့်အရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးနဲ့ သမ္မတအကြံပေးနဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော် တို့ တက်ရောက်ခဲ့ကြတာပါ။
တွေ့ဆုံပွဲမှာ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်တိုးတက်မှုတွေနဲ့ လက်ရှိ အခြေအနေတွေအပြင် ရိုဟင်ဂျာ အရေးကိစ္စတွေနဲ့ ဖက်ဒရယ်ဒီမိုကရေစီဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါ တယ်။
မြန်မာနိုင်ငံရဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးဆိုင်ရာ ကြိုးပမ်းမှုတွေအပေါ် ဆက်လက် ထောက်ခံအားပေးနေတာနဲ့ပတ်သက်ပြီး ကနေဒါဘုရင်ခံချုပ်ကို NUG တာဝန်ရှိသူတွေက ကျေးဇူးတင်စကားပြောခဲ့ကြပါတယ်။