စစ်ကိုင်းတိုင်း၊ ကန့်ဘလူတောင်ပိုင်းကျေးရွာများအတွင်းသို့ အကြမ်းဖက် စစ်ကောင်စီတပ်က စစ် ကြောင်းထိုးဝင်ရောက်နေပြီး ပြည်သူအများအပြားကို ဖမ်းဆီးထားကာ ပြည်သူ ၁ ဦးကိုလည်း ပစ်သတ်လိုက်ကြောင်း စစ်ဘေးရှောင်ပြည်သူများ အရေးဆောင်ရွက်ပေးနေသူ မောင်ဘုန်းကပြောသည်။
ယနေ့ နံနက် ၁၁ နာရီ မိနစ် ၃၀ ခန့်အချိန် ကန့်ဘလူမြို့နယ်၊ ထန်းကုန်း၊ယော၊လယ်လှရွာဘက်မှ အင်အား၄၀၀ ကျော်ရှိသည့် အကြမ်းဖက်စစ်တပ်က စစ်ကြောင်း၃ ခုခွဲကာ ရွာမ၊ဥာဏ်အင်း၊ရီးဒွေး၊ရွာသစ်ကုန်း စသည့်ရွာများကို စစ်ကြောင်း ထိုးဝင်ရောက်လာပြီး ရွာမရွာမှ ဒေသခံပြည်သူများကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ဖမ်းဆီးခံထားရသည့် ပြည်သူအရေအတွက်ကို လတ်တလော စုံစမ်း၍ မရသေးကြောင်း လက်ရှိတွင် ကျေးရွာ ပကဖ များက အဆိုပါ အကြမ်းဖက်စစ်ကြောင်း ရှိမည့်နေရာများသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း မောင်ဘုန်းကပြောသည်။
စစ်ကြောင်း ဝင်ရောက်လာချိန် ထိန်တောရွာမှ ကိုလှိုင်အောင်က ကြောက်လန့်၍ ထွက်ပြေးကြောင်း၊ ကိုလှိုင်အောင်သည် မြောင်းအတွင်း ဆင်းပြေးစဉ် အကြမ်းဖက်စစ်တပ်က သေနတ်ဖြင့် ကိုလှိုင်အောင်ကို ပစ်သတ်ခဲ့ကြောင်း သိရှိရသည်။