စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ကနေ ကောလင်းမြို့ကို စစ်ကြောင်းထိုးဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ် အင်အား ၂၀၀ ကျော်ပါ စစ်ကြောင်းကို PDF က တိုက်ခိုက်လို့ စစ်ကောင်စီဘက်က ၈၀ ကျော်သေပြီး လက်နက်တွေ အများအပြားသိမ်းမိတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ကောလင်းမြို့နယ်ကို စစ်ကူလာမယ့် အဲ့ဒီစစ်ကောင်စီစစ်ကြောင်းကို ကန့်ဘလူ PDF၊ ခရိုင် ပကဖနဲ့ မြို့နယ် ပကဖ တို့က ကန့်ဘလူမြို့နယ်၊ အလယ်ခုံကျေးရွာမှာ တိုက်ခိုက်ခဲ့တာလို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ထံမှ လက်နက်မျိုးစုံ (၅၉) လက်နဲ့ ခဲယမ်းမီးကျောက်အမြောက်အမြား သိမ်းဆည်းရမိတယ်လို့ ဒီနေ့ထုတ်ပြန်ပါတယ်။