စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် ကဗျာဆရာ ကေဇဝင်းကျဆုံးခြင်း (၃)နှစ်ပြည့်အထိမ်းအမှတ်ပြုလုပ်ခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၁ မတ်လ ၃ ရက်က မုံရွာမြို့၊ ဘုရားနီလမ်း၌ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သည့် ကဗျာဆရာ ကေဇဝင်းအား အာဏာသိမ်းစစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ရာ ယနေ့(မတ်လ ၃ ရက်)တွင် (၃)နှစ်ပြည့်ခဲ့ပြီဖြစ်သည်။
ကိုကေဇဝင်းအပါအဝင် နွေဦးတော်လှန်ရေး၌ ကျဆုံးခဲ့ရသည့် အာဇာနည်သူရဲကောင်းများအား ဂုဏ်ပြုအလေးနီပြုခြင်းကို ယနေ့နံနက်ပိုင်းတွင် ဆားလင်းကြီးမြို့နယ်၌ ကျင်းပပြုလုပ်ခဲ့သည်။
ကိုကေဇဝင်း မိသားစုဝင်များနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ စစ်ရှောင်အရေးကူညီနေသူများ၊ ပြည်သူများက တက်ရောက်၍ ကုသိုလ်ကောင်းမှုများပြုလုပ်ပြီး အမျှပေးဝေခဲ့ကြသည်။