စစ်ကောင်စီတပ်မှ လုံခြုံရေးတင်းကြပ်ထားသည့် ရန်ကုန်မြို့ ကမာရွတ်မြို့နယ်တစ်နေရာတွင် အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ-မြေပြင်) ရဲဘော်များက (၁၀၃)နှစ်ပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်း အမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုကို ယနေ့ (ဒီဇင်ဘာ ၇) ညနေက ပြုလုပ်ခဲ့သည်။
ယင်းလူငယ်များက လူထုဒေါ်အမာ၏ အဆိုအမိန့်ဖြစ်သည့် “အာဏာရှင်ဆိုတာ ဘယ်တော့မှ အရှင်မထွက်ဘူး” ဟူသော စာသားပါ ဘန်နာကို ချိတ်ဆွဲဆန္ဒထုတ်ဖော်ခဲ့သည်။
အဆိုပါ မြေပြင်လှုပ်ရှားမှုကို Youth Scout for Democracy (YSD) မှလည်း ကင်းထောက်ပံ့ပိုးမှုဖြင့် ပါဝင်ကူညီ အားဖြည့်ပေးခဲ့သည်။