ဇွန်လ ၂၀ ရက်တွင်ကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့တွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၊ UNHCR ရုံးရှေ့တွင် မြန်မာစစ်ဘေးရှောင်များ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်မယ်လို့ သိရတယ်။
ဒီအစီအစဉ်ကို Myanmar Refugee Demand Committee နဲ့ India For Myanmar တို့ ပူးပေါင်းဦးဆောင်ကြမှာဖြစ်ပါတယ်။ ဇွန် ၂၀ ရက် နေ့လည်ပိုင်းတွင် UNHCR@ B2/16 Vasant Vihar ရှေ့မှာ ဆန္ဒပြကြမှာဖြစ်တယ်။
ဒီပွဲမှာ နယူဒဒေလီမြို့မှာရှိတဲ့ မြန်မာနိုင်ငံသားအားလုံးလည်း လာရောက်ပူးပေါင်းပါဝင်ဖို့လည်း ဖိတ်ခေါ်ထားပါတယ်။
ယခုနှစ် ဇန်နဝါရီလ ၃၀ ရက်ကလည်း နယူးဒေလီရောက် မြန်မာစစ်ဘေးရှောင်ပြည်သူများက စစ်ဘေးရှောင်များ အိန္ဒိယကနေတဆင့်ပြည်ပထွက်ခွင့်ပေးရန်၊ စစ်ဘေးရှောင်များကို စောင့်ရှောက်ရန်၊ မြန်မာဒီမိုကရေစီရေးလှုပ်ရှားမှုပေါ် အိန္ဒိယအစိုးရက အားပေးထောက်ခံရန်တို့ တောင်းဆိုဆန္ဒပြပါတယ်။