လူသားခြင်းစာနာထောက်ထားမှု့အကူအညီပေးရေး ကမ်ပိန်းတွေကို ကူညီအားဖြည့်ခြင်းကစာ အမေအလိုချင်ဆုံး မွေးနေ့လက်ဆောင်ဖြစ်လိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း (ခေါ်) ကင်မ်အဲရစ်က ပြောကြားလိုက်ပါတယ်။
“ကျွန်တော်ရဲ့ အမေ့အတွက်အကောင်းဆုံးလက်ဆောင်ကတော့ ကျွန်တော် နဲ့ အမေ့ကို ချစ်တဲ့ သူတွေ အတူတကွ တတ်နိုင်သည့်ဘက်မှ လူသားခြင်းစာနာထောက်ထားမှု့အကူအညီပေးရေး ကမ်ပိန်းများမှနေပြီး တတ်နိုင်သည့် အဖက်ဖက်မှအကူအညီပေးခြင်းဘဲ ဖြစ်ပါတယ်။ ဒါဟာလည်း အမေ့ရဲ့ အလိုခြင်ဆုံးမွေးနေ့လက်ဆောင်ပဲဖြစ်မယ်လို့ထင်ပါတယ်”လို့ ကိုထိန်လင်း(ခေါ်) ကင်မ်အဲရစ်က ပြောပါတယ်။
ကိုထိန်းလင်းက အခုအချိန်မှာ အမေအတွက် ပန်းတွေ၊ ကိတ်မုန့်တွေကို အမေ့ကိုချစ်တဲ့လူတွေက မွေးနေ့လက်ဆောင်အဖြစ်ပေးချင်ကြပေမယ့် အမေ့က လက်ခံခွင့်မရရှိတဲ့ အခြေအနေမှာ ရှိနေတဲ့ အတွက် ကမ်ပိန်းမှာ ပါဝင်ကူညီအားဖြည့်ခြင်းကသာ အကောင်းဆုံးမွေးနေ့လက်ဆောင်ဖြစ်တယ် လို့် ပြောကြားခဲ့တာပါ။