အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုဗေးဧရိယာတွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ နိုင်ငံခြားရေးရာဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးတို့သည် မြန်မာကွန်မြူနီတီနှင့် ရင်းနှီးလှိုက်လှဲစွာ တွေ့ဆုံခဲ့ကြောင်း၊ တွေ့ဆုံပွဲတွင် ဝန်ကြီးနှင့် ဒုဝန်ကြီးတို့မှ အဖွင့်အမှာစကားများ ပြောကြားခဲ့ပြီး တက်ရောက်လာသော ထောက်ပို့ပြည်သူများ၊ ကျောင်းသူကျောင်းသားများနှင့် နွေဦးတော်လှန်အဖွဲ့အစည်းအသီးသီး၏ မေးခွန်းများကို စိတ်ကျေနပ်မှုရအောင် ဖြေဆိုခဲ့ကြောင်း သိရှိရသည်။