အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုဗေးဧရိယာတွင် မြန်မာပြည်လွတ်မြောက်ရေးလှုပ်ရှားမှုကော်မတီ(မြောက်ပိုင်းကယ်လီဖိုးနီးယား) Free Burma Action Committee-Northern California ၏ ၁၅ ကြိမ်မြောက် နွေဦးတော်လှန်ရေး ရန်ပုံငွေပွဲကို “ဘာယူယူ ဒေါ်လာ ၁၀” ခေါင်းစဉ်ဖြင့် ရောင်းချခဲ့ကြောင်း သိရှိရသည်။
အဆိုပါ စျေးရောင်းပွဲကို မြောက်ပိုင်းကယ်လီဖိုးနီးယားပြည်နယ်ရှိ ထောက်ပို့ပြည်သူများက စုပေါင်းအင်အားဖြည့်ပြီး ဝိုင်းဝန်းကူညီရောင်းချကြခြင်း ဖြစ်ကြောင်း သိရှိရသည်။