အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့တွင် “ပြည်တွင်းပြည်ပ ကမ္ဘာလုံးဆိုင်ရာ လူထုလှုပ်ရှားမှု”ကြီး၏ အစိတ်အပိုင်းဖြစ်သော မြေပြင်လူထုသပိတ်တိုက်ပွဲကို ပြုလုပ်ခဲ့ကြသည်။
အဆိုပါပွဲတွင် Free Burma Action Committee-Northern California ၏ ၁၂၆ ကြိမ်မြောက် မြေပြင်သပိတ်နှင့်အတူ နွေဦးတော်လှန်ရေး ဒီမိုကရေစီအင်အားစုများ စုစည်း၍ နိုင်ငံတကာ အမျိုးသမီးများနေ့ ၊ စစ်ကောင်စီက ပြဋ္ဌာန်းသော စစ်မှုထမ်းဥပဒေကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ရေးလှုပ်ရှားမှုများကို ပြုလုပ်ခဲ့ကြသည်။