ကရင်နီတော်လှန်ရေးအဖွဲ့ ၄ ဖွဲ့ဟာ ကရင်နီ တော်လှန်ရေး တပ်ပေါင်းစု-KRU က နှုတ်ထွက်ပြီး ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေးတပ်ဦး-ကလလတ နဲ့ ပူးပေါင်းခဲ့တယ်လို့ KRU ကွန်မန်ဒိုတပ်ရင်းက ဒီကနေ့ နိုဝင်ဘာ ၁၆ ရက်မှာ ထုတ်ပြန် အသိပေးပါတယ်။
ကရင်နီ တော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ GZ-21 PDF (လွိုင်ကော်)၊ KRU ကွန်မန်ဒိုတပ်ရင်း၊ ဒီးမော့ဆိုဆေးတပ်၊ Federal Democracy Brotherhood Force တို့က KNPLF တပ်ရင်းအမှတ် (၉၄၂၅) အဖြစ် ပြောင်းလဲ တာဝန်ထမ်းဆောင်နေပြီလို့ ဆိုပါတယ်။
ဘာကြောင့် အခုလို ပြောင်းလဲ တာ၀န်ထမ်းဆောင်တယ် ဆိုတာကိုတော့ ထုတ်ပြန်ချက်မှာ မဖော်ပြထားပါဘူး။
KNPLF တပ်ရင်း (၉၄၂၅) အနေနဲ့ နိုင်ငံအနှံ့က တော်လှန်ရေး အင်အားစုတွေနဲ့အတူ စစ်အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ ဆက်လက် တိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။