ကရင်နီပြည်နယ်တွင် စစ်ကောင်စီ၏ တိုက်လေယာဉ်ကို တော်လှန်ရေးတပ်ဖွဲ့များက ပစ်ချနိုင်ခဲ့ပြီး ပျက်ကျသွားသော တိုက်လေယာဉ်မှ လေယာဉ်မှူး ၂ ဦးကို စစ်ကောင်စီက ရဟတ်ယာဉ်များဖြင့် ရှာဖွေနေကြောင်း ကရင်နီတပ်မတော် KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က အတည်ပြုပြောဆိုသည်။
ယနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်းတွင် ဖရူဆိုအနီးတွင် စစ်ကောင်စီ၏ တိုက်လေယာဉ်ကို ပစ်ချနိုင်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်သည့် လက်နက်ကိုပါ အတည်ပြုထားကြောင်း သိရှိရသည်။
“အတည်ပြုလို့တော့ရပြီ၊ ပျက်ကျတာကမှန်တယ်၊ KNDF စစ်ရေးချုပ်နဲ့ KA က စစ်ရေးချုပ်က ဘယ် သေနတ်နဲ့ ပစ်တယ်ဆိုတာ ပို့တဲ့စာတစ်စောင်ရှိတယ်ဆိုတော့ အဲအတည်ပြုလို့ရတယ်ပေါ့၊ တိုက်လေ ယာဉ်ပျက်ကျတဲ့ကိစ္စက၊ နေရာက ဖရူနားမှာလို့ပြောတယ်၊ ဒီးမော့ဆိုအောက်က ဖရူဆိုမှာ၊ လေယာဉ် အမျိုးအစားတော့မသိဘူး၊ ပုံတော့ ပြတယ်၊ လေယာဉ်မှူးနှစ်ယောက်ကိုတော့ ဟတ်စကီးနဲ့ လိုက်ရှာ နေတယ်လို့ပြောတယ်၊ ဒီညတော့ မရသေးဘူး၊ မနက်ဖြန်မှ သိရမယ်ထင်တယ်” ဟု KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောကြားသည်။