ထိုင်း နဲ့ ကရင်နီ နယ်စပ်တလျှောက်မှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကရင်နီပြည်အတွင်းက စစ်ရှောင် တွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရက ကျပ်သိန်း ၃၈၀ ကျော်တန်ဖိုးရှိ ပစ္စည်းတွေကို ထောက်ပံ့ပေး အပ်ခဲ့တယ်လို့ The Voice of Karenni က ဒီနေ့မှာ ဖော်ပြခဲ့ပါတယ်။
ကရင်နီပြည်အတွင်းက စစ်ဘေးရှောင် ဒုက္ခသည်တွေအတွက် ကရင်နီလူမူအသင်းအဖွဲ့ (CTER)အပြင် သက်ဆိုင်ရာ ဒေသတွင်းအာဏာပိုင် အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး ကူညီပံ့ပိုးနေတယ်လို့လည်း The Voice of Karenni က ဖော်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လက ကရင်နီပြည်အတွင်းမှာ အကြမ်းဖက်စစ်တပ်နဲ့ ကရင်နီပူးပေါင်းတပ်တွေအကြား တိုက်ပွဲ ၃၃ ကြိမ်အထိ ဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက်ပွဲတွေအတွင်းမှာ အကြမ်းဖက်စစ်တပ်က ၈၄ ဦး သေဆုံး ခဲ့ပါတယ်။ တိုက်ပွဲတွေအတွင်း အကြမ်းဖက်စစ်တပ်ဆီက လက်နက်ငယ် ၈ လက် နဲ့ ခဲယမ်းအမြောက် အများ သိမ်းဆည်းရမိခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က သတင်းထုတ်ပြန် ထားပါတယ်။
ဇူလိုင်လအတွင်းမှာပဲ အကြမ်းဖက်စစ်တပ်က လေကြာင်းတိုက်ခိုက်မှု (၄၂) ကြိမ်ပြုလုပ်ခဲ့ပြီး အဆိုပါ တိုက်ခိုက်မှုကြောင့် (၁၁)အရွယ် ကလေး (၁)ဦး အပါအဝင် ပြည်သူ (၄)ဦးသေဆုံးခဲ့ပြီး (၈)ဦးဒဏ်ရာရခဲ့ပါတယ်။
ဒါအပြင် လက်နက်ကြီးထိမှန်မှုကြောင့် ပြည်သူ (၁)ဦး သေဆုံးကာ၊ (၁၄)ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အကြမ်းဖက်စစ်တပ်ရဲ့ အကြောင်းမဲ့သတ်ဖြတ်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ (၇)ဦး သေဆုံးခဲ့ရပါ တယ်။
အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုနဲ့ လက်နက်ကြီးဖြင့်တိုက်ခိုက်မှုတို့ကြောင့် ဇူလိုင်လ အတွင်း လူနေအိမ် (၁၃) လုံးပျက်စီးခဲ့ကာ၊ ဘာသာရေးအဆောက်အဦ (၂)လုံး အပါအဝင် ဆေးပေးခန်း (၁)ခန်း နဲ့ စာသင်ကျောင်း (၂) ကျောင်းတို့လည်း ထိခိုက်ပျက်စီး ခဲ့ရပါတယ်။