ကရင်နီနဲ့ ရှမ်းတောင်က ရဲဘော်တွေ ပါဝင်တဲ့ KNDF က တိုးချဲ့ဖွဲ့စည်းလိုက်တဲ့ ဗျူဟာသစ် စစ်ဗျူဟာ အမှတ် (၇) ရဲ့ အပတ်စဥ် (၁) အခြေခံ စစ်သင်တန်းဆင်းပွဲကို ကရင်နီပြည်နယ်၊ ဒီမောဆို မြိုနယ် အရှေ့ခြမ်း တနေရာမှာ ဧပြီ ၃၀ ရက်က သင်းတန်းဆင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
အဆိုပါ သင်တန်းဆင်းပွဲကို ရဲဘော် နဲ့ ရဲမေ ၅၀၀ ကျော် တက်ရောက်ခဲတာဖြစ်ပြီး သင်တန်းဆင်း ရဲဘော် ၅၀၀ ဦးထဲမှာ ရှမ်းပြည်တောင်ပိုင်း ၁၀၀၈ တပ်ရင်း တပ်ခွဲ (၂)က ရဲဘော် ၉၇ ဦး သင်တန်း တက်ရောက်ပြီးစီးခဲ့တယ်လို့ ရှမ်းတောင် ၁၀၀၈ တပ်ရင်း -တပ်ခွဲ (၂) -Cobra Force က ဒီနေ့မှာ အသိပေး ထုတ်ပြန်ထားပါတယ်။
အဆိုပါ သင်တန်းဆင်း ရှမ်းတောင်ရဲဘော်တွေထဲက တိုက်ခိုက်ရေး၊ ဆေးတပ်၊ ကယ်ဆယ်ရေး၊ တပ်ရင်းရုံး၊ ထောက်ပို့တပ်ဖွဲ့ဝင်တွေ အနေနဲ့ ပါဝင်တာဝန်ထမ်းဆောင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ကရင်နီအမျိုးသား ကာကွယ်ရေးတပ်က ပြုလုပ်တဲ့ သင်တန်းဆင်းပွဲ ကို(SSRY) ရှမ်းတောင်တော်လှန်ရေး လူငယ်အင်အားစုမှ တာဝန်ရှိ သူတွေလည်း တက်ရောက်ခဲ့ကြတယ်လို့ အသိပေးပါတယ်။
နွေဦး တော်လှန်ရေးကာလအတွင်း (SSRY) ရှမ်းတောင် တော်လှန်ရေး တပ်ကို လက်တွဲခေါ်ပေးတဲ့ (KNDF) ကရင်နီ အမျိုးသး ကာကွယ်ရေး တပ်ကိုလည်း ကျေးဇူးတင်ရှိပြီး၊ ရည်ရွယ်ချက်တူ ညီနောင်မဟာမိတ် တပ်ဖွဲ့အဖြစ် လက်တွဲ တိုက်ပွဲ ဝင်သွားမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။