ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောာင်စီက စာရင်းစစ်ဌာနကို ဖွဲ့စည်းမှာဖြစ်တဲ့အတွက် စာရင်းစစ်ဝန်ထမ်းတွေကို ဖိတ်ခေါ်နေတယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။
အဲဒီလိုခေါ်ယူရမှာ စာရင်းစစ်ဌာနရဲ့ ဌာနမှူးကြီး၊ ဒုတိယဌာနမှူး(၁) ၊ ဒုတိယဌာနမှူး(၂) တို့ကို ခန့်အပ်တာဝန်ပေးရန်အတွက် စာရင်းစစ်လုပ်ငန်း ကျွမ်းကျင် ပိုင်နိုင်ပြီး၊ အတွေ့အကြုံရှိတဲ့ CDMer များကို ဦးစားပေး ရွေးချယ် သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ယေဘူယျ အလုပ်ခန့်အပ်ရာမှာ ကရင်နီဒေသမှာ အမြဲတမ်း နေထိုင်တဲ့သူ၊ လူထု တော်လှန်ရေး အခန်းကဏ္ဍတခုမှာ ပါဝင်ပက်သတ်တဲ့သူ၊ အများ အတွက် အနစ်နာခံ ဆောင်ရွက်နိုင်တဲ့သူ နဲ့ CDM ပုဂ္ဂိုလ်များအား ဦးစားပေးခန့်မယ်လို့ပြောပါတယ်။
အထက်ပါ ဌာနတာဝန်များကို လျှောက်ထားလိုသူများအနေနဲ့ မတ်လ ၂၉ ရက်နောက်ဆုံးထားကာ အလုပ်လျှောက်လွှာကို အီးမေးလိပ်စာမှ ပေးပို့နိုင်တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။