ကရင်နီပြည်နယ်တွင် စစ်ကောင်စီတပ်များကို ဒရုန်းဖြင့် တိုက်ခိုက်နေရာ စစ်ကောင်စီတပ်များ အထိနာခဲ့ကြောင်း၊ ဒရုန်းမစ်ရှင်များအတွက် ပြည်သူများ ပါဝင်လှူဒါန်းကြရန် Loikaw PDF နှင့် Falcon Wings က တိုက်တွန်း နှိးဆော်သည်။
ကရင်နီပြည်နယ်၊ ရှေ့တန်းတစ်နေရာတွင် ဆောင်ရွက်သည့် Drone mission တစ်ခု၏ မှတ်တမ်း ဗီဒီယိုကို Loikaw PDF နှင့် Falcon Wings တိုက ထုတ်ပြန်လိုက်ပြီး အဆိုပါဒရုန်းမစ်ရှင်သည် ပူးပေါင်းတိုက်ပွဲဝင်မှု စစ်ရေးအစီအစဉ်တစ်ခုလည်း ဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီ အဖွဲဝင်များ မရှုမလှ ဆုတ်ခွာပြေးကြကြောင်း ထုတ်ပြန်ထားသည်
ဒရုန်းမစ်ရှင်များသည် စစ်ကောင်စီကို အထိနာဆုတ်ခွါစေသည့်အပြင် ရဲဘော်များ၏ အသက်ကို ကယ်တင်နိုင်သည်အထိ စွမ်းအားမြင့်ကြောင်း၊ ဒရုန်းမစ်ရှင် များ လုပ်ဆောင်နိုင်ရန်အတွက် အလှူငွေများ နည်းသထက် နည်းလာပြီဖြစ်ကြောင်း၊ ထိုကြောင့် Loikaw PDF နှင့် Falcon Wings ကို ပြည်သူ့အားနှင့် အလှူငွေများ ကူညီပံ့ပိုးပေးပါရန် အထူး မေတ္တာရပ်ခံအပ်ကြောင်း ထုတ်ပြန်ထားသည်။
ပြည်သူများအနေဖြင့် ဆက်သွယ်လှူဒါန်းလိုပါက ဖေ့ဘုတ်စ် https://www.facebook.com/loikawpdf2021?mibextid=ZbWKwL စာမျက်နှာသို ဆက်သွယ်နိုင်ကြောင်း သိရှိရသည်။