ကရင်နီပြည်နယ်က လူငယ်တွေ နိုင်ငံရေးနဲ့ လုပ်ငန်း စီမံခန့်ခွဲမှု တိုးတက်စေဖို့ လူငယ်စွမ်းရည်မြှင့် သင်တန်း ဖွင့်လှစ်ပေးမယ်လို့ ကရင်နီ လူငယ်များသမဂ္ဂ-UKSY က ဒီကနေ့ ထုတ်ပြန် အသိပေးပါတယ်။
လာမယ့် အောက်တိုဘာလ ၂ ရက်ကနေ ၂၀၂၄ခု နှစ်၊ မတ်လ ၁၉ ရက်နေ့ အထိ စာတွေ့ ၃ လ၊ လက်တွေ့ ၃ လ၊ စုစုပေါင်း ၆ လကြာ သင်ကြားပို့ချပေးမဲ့ အဆိုပါ သင်တန်းကို UKSY က ဆောင်ရွက်ပေးတာဖြစ်ပြီး တက်ရောက်လိုသူတွေ အနေနဲ့ အဖွဲ့အစည်း တစ်ခုခု သို့မဟုတ် လူမျိုးစု လူငယ်အဖွဲ့အစည်း တစ်ခုခုရဲ့ ထောက်ခံချက် လိုအပ်တယ်လို့ ဆိုပါတယ်။
သင်တန်း တက်ရောက်လိုသူတွေ အနေနဲ့ စက်တင်ဘာလ ၁၃ ရက်မတိုင်ခင် လျှောက်လွှာကို ကရင်နီ လူငယ်များ သမဂ္ဂရဲ့ အီးမေးကို ပေးပို့ရမှာဖြစ်ပြီး သတ်မှတ်ချက်တွေကတော့ အသက် ၃၀ မကျော်သူ၊ သင်တန်းကို အချိန်ပေး တက်ရောက်နိုင်သူ၊ လူမျိုးနဲ့ ကျားမ တန်းတူဆက်ဆံရေးကို လက်ခံနိုင်သူနဲ့ ကရင်နီပြည်နယ် အရေး စိတ်ပါ၀င်စားသူတွေ စာရင်းပေးသွင်း နိုင်တယ်လို့ UKSY က ပြောပါတယ်။
သင်တန်းသား ၈ ဦး လက်ခံမှာဖြစ်ပြီး သင်တန်း ကာလ နေစရိတ်၊ စားစရိတ်တွေကို တာ၀န်ယူမှာ ဖြစ်သလို ထူးချွန်သူတွေကို ၂ နှစ်စာချုပ်နဲ့ အလုပ်အကိုင် ဖန်တီးပေးမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။