ကရင်နီပြည်နယ်အတွင်း မူးယစ်ဆေးဝါး နဲ့ မှုခင်းကြိုတင်ကာကွယ် ရေးအတွက် ကရင်နီပြည်ရဲဌာနမှ ရှောင်တခင်စစ်ဆေးခဲ့တယ်လို့ ကရင်နီရဲဌာနမှ သိရပါတယ်။
ကရင်နီပြည် အမှတ်(၂) ရဲစခန်းမှ ဖေဖော်ဝါရီ ၂၉ ရက်(ဒီနေ့)မှာ ပြည်နယ်အတွင်း မူးယစ်ဆေးဝါး သုံးစွဲမှု၊ရောင်းချမှုများ နဲ့ မှုခင်းအန္တရာယ် ဖြစ်စေနိုင်မယ့် အခင်းအကျင်းမျိုးရှိမရှိကို ကြိုတင် ကာကွယ်နိုင်ရန် ရှောင်တခင်ဝင်ရောက် စစ်ဆေးခဲ့တာပါ။
အကြမ်းဖက် ဖက်ဆစ် စစ်တပ်ထံမှာ တာဝန် ထမ်းဆောင်လိုခြင်းမရှိတဲ့ CDM ရဲတပ်ဖွဲ့တချို့မှာ ပြည်သူကို ဗဟိုပြုတဲ့ ၊ဖက်ဒရယ်ဒီမိုကရက်တစ် ရဲအဖြစ် လုပ်ဆောင်ကူညီမယ်ဟုဆိုကာ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီရဲ့ ပြည်ထဲရေးဌာနမှာ ဝင်ရောက်တာဝန်ထမ်းဆောင်နေတယ်လို့ သိရှိရပါတယ်။