ကရင်နီပြည်နယ် ဖားဆောင်းဒေသမှ စစ်ရှောင်စခန်းသို စားနပ်ရိက္ခာများ ပြည်ပရောက် မြန်မာနိုင်ငံသားများဖြင့် စုပေါင်းဖွဲစည်းထားသော KTJ Supporting Group က ထောက်ပံ့ကူညီပေးခဲ့ကြောင်း သိရှိရသည်။
ထိုပြင် KNDF B20 တပ်ရင်းသို ကွန်ပျူတာ ၂ လုံး ၊ Star link ၁ လုံး၊ ဖုန်းအသစ် ၆လုံး ၊ ပြည်သူများ ကြော်လှော်ထားသော အကြော်အလှော်များအပြင် စားနပ်ရိက္ခာဖိုး ဘတ် ၂၀,၀၀၀ တိတိကိုလည်း ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
KTJ Supporting Group သည် လွတ်လပ်သောထောက်ပိုအဖွဲအစည်းဖြစ်ပြီး မြေပြင်သို တိုက်ရိုက်ကွင်းဆင်းပြီး ကူညီနေသည့် အဖွဲဖြစ်ကြောင်း၊ ပါဝင်ပူးပေါင်းလိုသည့် တော်လှန်ပြည်သူများကိုလည်း ထောက်ပိုတပ်သားအဖြစ် လက်ခံကြိုဆိုလျက်ရှိကြောင်း KTJ Supporting Group က ထုတ်ပြန်ထားသည်။