ကရင်နီပြည်နယ်အတွင်း ၊ကရင်နီရဲဌာန နဲ့ ဒေသခံကာကွယ်ရေး အဖွဲ့ တို့ပူးပေါင်းပြီး ယာဥ်တွေ အရှိန်လျော့မောင်းဖို့ အသိပညာပေးတာတွေ လုပ်ဆောင်နေတယ်လို့ (Karenne State Police-KSP) ကရင်နီပြည်ရဲဌာနမှ မှတ်တမ်းထုတ်ပြန်ထားပါတယ်။
ကရင်နီပြည်ရဲဌာန နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ဒေသအတွင်း ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာဖို့ လက်ကမ်းစာစောင်များမျှဝေတာ၊ ယာဥ်တွေ သတ်မှတ်အရှိန်ထက်ပိုမမောင်းဖို့ အသိပညာပေးတာတွေ ဆောင်ရွက်ခဲ့တာပါ။
ကရင်နီပြည်ရဲဌာနအနေနဲ့ စိုးမိုးနယ်မြေအတွင်း ပြည်သူ့လုံခြုံရေးအတွက် လှည့်ကင်း ၊ရပ်ကင်းများ ဆောင်ရွက်တာ၊ မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေးတာ၊ ယာဥ်စည်းကမ်း၊လမ်းစည်းကမ်း လိုက်နာတတ်စေဖို့ အသိပညာပေး အစီအစဥ်တွေ ဆောင်ရွက်နေတယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။