ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ဖွဲ့စည်းခြင်း (၃) နှစ်ပြည့်မှာ တရားဝင် Website ကို လွှင့်တင်လိုက်ပြီ ဖြစ်တယ်လို့ ဒီနေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
KSCC အနေနဲ့ ဖွဲ့စည်းခြင်း (၃) နှစ်ပြည့် လူထုအစီရင်ခံစာတင်ပြခြင်းနဲ့ KSCC ရဲ့ သတင်းပြန်ကြားရေးနှင့် လူထုဆက်သွယ်ရေးလုပ်ငန်းတွေ ပိုမိုအားကောင်းစေဖို့အတွက် တရားဝင် Website ကို လွှင့်တင်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
ကရင်နီပြည်အတိုင်ပင်ခံကောင်စီ ရဲ့ Website မှာ https://kscc.karennistate.com ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။