ကရင်နီပြည်နယ်အတွင်း ပြည်သူလုံခြုံရေး နဲ့ တရားဥပဒေ စိုးမိုး ရေးအတွက် Karenni State Police -KSP ကရင်နီရဲတပ်ဖွဲ့ကို အင်အား ၁ထောင်ထပ်မံ ဖြည့်တင်းသွား မယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ကောင်ရေး ကောင်စီ ဥက္ကဌ ခူဦးရယ် ပြောပါတယ်။
၂၀၂၄ ခုနှစ်အကုန်မှာ ရဲတပ်ဖွဲ့အင်အား ၁ ထောင် ထပ်မံ ဖြည့်တင်းသွားမယ်လို့ ကရင်နီကြားကာလ အုပ်ချုပ်ရေး ကောင်စီရဲ့ တနှစ်အတွင်း ဆောင် ရွက်ခဲ့တဲ့ ပြည်သူ့အစီရင်ခံစာမှာ ပြောကြား ခဲ့တာပါ။
ပြည်နယ်အတွင်း လုံခြုံ ရေး နဲ့ တရားဥပဒေစိုးမိုးရေးတို့အတွက် ရဲစခန်း ၁၅ ခု၊ ရဲကင်း ၁၀ ခု၊ ရဲတပ်သားအင်အား ၅၈၅ ဦးကို ဖြည့်တင်း တာဝန်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ကရင်နီကြားကာလ ကောင်စီရဲ့ ကြပ်မတ်လမ်းညွှန်မှုနဲ့ ကရင်နီ ရဲဌာနကို ၂၀၂၁ ခုနှစ်၊ သြဂုတ် ၈ ရက်မှာ CDM ရဲ များနဲ့ စတင်ဖွဲ့စည်း ခဲ့တာပါ။
ကြားကာလ ကောင်စီအနေနဲ့ အခုလို ကြပ်တည်းတဲ့ ကာလမှာ အုပ်ချုပ်ရေး ယန္တရားမှာ အားသာချက်၊အားနည်းချက်မျာ ရှိနိုင်ပြီး၊ တိုင်ရင်းသားညီနောင်များ မျှော်လင့်နေတဲ့ ဖက်ဒရယ် ဒီမိုကရေစီကို အုတ်မြစ်ချနေတာဖြစ်တယ်လို့လည်း အသိပေးပြောကြားခဲ့ပါတယ်။