(၁၄၉) နှစ်မြောက် ကရင်နီအမျိုးသားနေ့ အထိမ်းအမှတ်အနေနဲ့ ကရင်နီကြားကာလ အုပ်ချုပ်ရေးကောင်စီက အကျဥ်းထောင်တွေမှာ အကျဥ်းချခံထားရတဲ့ အကျဥ်းသား ၁၂ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပြီး၊ အကျဥ်းသား ၁၀၅ ဦးကို ပြစ်ဒဏ်ပေါ့လျောကာ သက်သာခွင့်ပြုလိုက်တယ်လို့ မနေ့က စာထုတ်အသိပေးပါတယ်။
အမျိုးသားနေ့ အထိမ်းအမှတ် ဖြစ်တဲ့အတွက် လူသားချင်း စာနာ ထောက်ထားမှုကို အလေးထားကာ ၊လွတ်ငြိမ်းခွင့်ပေးခဲ့တာဖြစ်ပြီး၊ နာက်တကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ကျန်ရှိပြစ်ဒဏ် နဲ့ ထပ်တိုး ပြစ်ဒဏ်ပေါင်းစပ် ကျခံရမှာဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ကို ကရင်နီပြည်နယ် ကြားကာလ တရားစီရင်ရေး ဥပဒေ ပုဒ်မ ၃၂ ၊ပုဒ်မခွဲ (ခ) ၊ ပုဒ်မခွဲငယ် (၂) အရ လွတ်ငြိမ်းသက်သာခွင့် အစီအမံကို ပြုလုပ်ရတာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။